အိမ်တိုင်ရာရောက်သွေးဖောက်စစ်ဆေးပေးခြင်းဝန်ဆောင်မှု (Home Service Blood Collection)
ထားဝယ်မြို့အတွင်းသာ
ယခုလိုမိုးရာသီတွင် သွေးဖောက်စစ်ဆေးရန်လိုအပ်နေသော်လည်းအကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းများသို့ သွားလာရန် အခက်အခဲရှိသော သက်ကြီးရွယ်အို အဖိုး/ အဖွား များ၊ လမ်းမလျှောက်နိုင်သောလူနာများနှင့် သွားလာရေးအခက်အခဲရှိသော လူနာများအတွက် မယ်ဒီလန်းဆေးရုံ ဓါတ်ခွဲခန်းရှိ အရည်အချင်းပြည့်မှီသော ကျန်းမာရေး ဝန်ထမ်းများမှ ထားဝယ်မြို့အတွင်း မည်သည့်နေရာမဆို အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေး ပေးခြင်း ဝန်ဆောင်မှု (Home Service Blood Collection) ကို မနက် (၆း၀၀)နာရီ ကနေ ညနေ (၆း၀၀) အထိ နေ့စဉ်ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
စစ်ဆေးပြီးရလာသော သွေးအဖြေများကိုလည်း အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ဖြစ်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
သွေးစစ်ဆေးနိုင်သောအမျိုးအစားများကတော့
သွေးဆဲလ်များအား ဓါတ်ခွဲစစ်ဆေးခြင်း။
သွေးခဲနှုန်းအား စစ်ဆေးခြင်း။
ဆီးချိုရောဂါ စစ်ဆေးခြင်း။
ကူးစက်ရောဂါ စစ်ဆေးခြင်း။
အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း။
ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း။
ဆီး၊ ဝမ်း စစ်ဆေးခြင်း။
သွေးထဲရှိ အဆီဓာတ်တိုင်းတာ စစ်ဆေးခြင်း။
ဂေါက်၊ ဒူလာ ရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း။
လည်ပင်းကြီးရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း။
အသည်းကင်ဆာ ရှိ/ မရှိ စစ်ဆေးခြင်း။
အူလမ်းကြောင်းကင်ဆာ ရှိ/ မရှိ စစ်ဆေးခြင်း။
ရင်သားကင်ဆာ ရှိ/ မရှိ စစ်ဆေးခြင်း။
သားဥကင်ဆာ ရှိ/ မရှိ စစ်ဆေးခြင်း။
ဆီးကျိတ်ကင်ဆာ ရှိ/ မရှိ စစ်ဆေးခြင်း အစရှိသည်တို့ကို စစ်ဆေးနိုင်ပါတယ်ရှင်။
အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးခြင်း ဝန်ဆောင်မှုအား ရယူလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ခေါ်ဆိုနိုင်ပါသည်ရှင်။
(Lab Home Service Blood Collection)
Hot Line –
အမှတ်(၂၄)၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး။
059-2024080,
09-895033334,09-783020551, 09-268779595
*ရည်မွန်နွေးထွေး ကုသပေး*
Comments are closed